ထိုင်းနိုင်ငံတောင်ပိုင်းက လူသတ်မှု



AFP, Bangkok
ကျော်သိင်္ခ
မတ်လ ၂၅ ရက်

ဗြိတိန်နိုင်ငံသား ရွက်လှေစီးအမျိုးသား တစ်ဦးအား ထိုင်းနိုင်ငံတောင်
ပိုင်း၊ ဆတ်ထွန် ခရိုင် မှ ၄၅ မိုင်ဝေးသော ကော့ဒေါင် ကျွန်းအနီးတွင် သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော မြန်မာ ငါးဖမ်းသမား ၃ ဦးအား ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ထိုင်း ရဲအရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

အသက် ၆၄ နှစ်ရှိ Malcolm Robertson ကို လူသတ်သမားတွေက သူ့ဇနီးသည်ဖြစ်သူ Linda ရဲ့ရှေ့မှာလည်ပင်းကိုလှီးသတ်ပြီး အလောင်းကို ပင်လယ်ထဲကို မျှောလိုက်ပါတယ်။ ထိုင်းအာဏာပိုင်တွေက သေဆုံးသူ Malcom ရဲ့ အလောင်းကို အခုထိတိုင်ရှာဖွေနေဆဲ ပါ။

လူသတ်သမားတွေက ကျန်ရစ်သူ ဇနီးသည်အား လှေကို ကမ်းစပ်သို့ မောင်းခိုင်းပြီး၊ အခြားလှေတစ်စီးနဲ့ ထွက်ပြေးလွတ် မြောက်သွားခဲ့ပါတယ်။ ထိုအခါကျမှ ကျန်ရစ်သူ ဇနီးသည် ဗြိတိန်အမျိုးသမီးက အနီးနားက ဖြတ်သွားတဲ့ ထိုင်းအာဏာပိုင် လှေတစ်စီးစီးကိုတွေ့လို့တွေ့ငြား ရှာဖွေဖို့ ကြိုးစားခဲ့တယ်လို့ ဆတ်ထွန်ခရိုင်မှာ တာဝန်ကျနေတဲ့ ရဲအရာရှိ ဆူဖလက် ဖုန်ကမ်ဂျန က ပြောပါတယ်။ နောက်ပိုင်းမှာ ရဲတွေက အခင်းဖြစ်ပွားရာ အနီးနားရှိ ငါးဖမ်းလှေတစ်စင်းမှာ အလုပ်လုပ်နေကြ တဲ့ ဗမာငါးဖမ်းအလုပ်သမား သုံးဦးကို ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။

ရဲအရာရှိ ဆူဖလက်က ပြောရာမှာ အဆိုပါ ဗမာငါးဖမ်းအလုပ်သမား သုံးဦးက လူသတ်မှုကို မိမိတို့ ကျူးလွန်ကြောင်း ဖြောင့်ချက်များပေးပြီးဖြစ်သော်လည်း ထိုင်းအာဏာပိုင်များအနေနဲ့ သေဆုံးသူ ၏ ရုပ်အလောင်းကိုရှာဖွေမတွေ့သေးတဲ့အတွက် အမှုကို ဓားပြတိုက်လုယက်မှု အနေနှင့်ဘဲ စွဲချက်တင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲသတင်း

အထက်ပါ သတင်းနှင့် ပက်သက်ပြီး ဆက်လက်စုံစမ်းနေစဉ်မှာပင်၊ ထိုင်းအစိုးရ အာဏာပိုင်များက ထိုင်းနိုင်ငံအတွင်း၌ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဆက်လက် လက်ခံထားရေး၊ မထားရေး ကိစ္စကို အစည်းအဝေးတစ်ခုပြုလုပ်ကာ ဆွေးနွေးနေကြောင်း ထိုင်းဘာသာဖြင့်ရေးသားထားသော အင်တာနက်သတင်း ဆိုဒ်များမှ တစ်ဆင့်သိရှိရသည်။

0 Comments


Leave a Comment