ဘလော့ဂါ၊ ယင်း၏ဖြစ်တည်မှု နှင့် မီဒီယာသစ် အပိုင်း (၂)

Blogger, It's Existence and New Media 2

Read More...

ဘလော့ဂါ၊ ယင်း၏ဖြစ်တည်မှု နှင့် မီဒီယာသစ်

Blogger, It's Existence and New Media

Read More...

ကလေးအခွင့်အရေးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲကျင်းပမည်

ကျော်သိင်္ခ
အောက်တိုဘာ ၁၈ ရက်

မြန်မာနိုင်ငံဓာတ်ပုံပညာရှင်များအသင်း နှင့် ကုလသမဂ္ဂဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) တို့ ပူပေါင်း၍ ရန်ကုန်မြို့ တွင် ဓာတ်ပုံပြိုင်ပွဲတခု ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ကုလသမဂ္ဂညီလာက သဘောတူလက်မှတ်ထိုးခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ယခုလို ဓာတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ ယူနီဆက်ဖ် ရုံးမှ တာဝန်ကျ ၀န်ထမ်း တစ်ဦးက တနင်္ဂနွေနေ့က ပြောသည်။

ဓာတ်ပုံပြိုင်ပွဲကို ခေါင်းစဉ်လေးခုဖြင့် ပါဝင် ယှဉ်ပြိုင်စေမှာဖြစ်ပြီး အဆိုပါခေါင်းစဉ်လေးခုမှာ ကျန်းမာသော ကလေးများ၏ ဘ၀၊ ကလေးငယ်များ နှင့် ပညာရေး၊ အန္တရာယ်ကြားက ကလေးငယ်များ၊ ကလေးငယ်များ နှင့် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်များဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆုရအတွက် အမေရိကာ ဒေါ်လာ ၆၆၀ ကျော် နှင့် ညီမျှသော မြန်မာကျပ်ငွေ ခုနှစ်သိန်း၊ ဒုတိယ ဆုအတွက် ဒေါ်လာ ၄၇၀ ကျော်နှင့် ညီမျှသော မြန်မာငွေ ငါးသိန်း နှင့် တတိယဆုမှာ ဒေါ်လာ ၂၈၅ ကျော်နှင့် ညီမျှသော မြန်မာငွေ သုံးသိန်း တို့ ဖြစ်ပြီး၊ အခြားနှစ်သိမ့်ဆုများကိုလည်း ချီမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂက ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံက အဆိုပါစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

Read More...

အမေရိကန်ရဲ့ ပစ်မှတ်ထဲက မြန်မာ့စီးပွားရေး ၀ိသမ လောဘသားများ (အပိုင်း-၂)

ကျော်သိင်္ခ
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၈

တန်ဖိုးကြီးတာတွေကိုမှ အရသာခံချင်တဲ့ တေဇဟာ စီးပွားရေးမျက်စိလည်း အရမ်းလျင် တယ်လို့ဆိုကြပါတယ်။ ၎င်းအနေနဲ့ သူ ပထမဆုံး ရင်းနှီး မြှုပ်နှံခဲ့တဲ့ ကျွန်းသစ်လုပ်ငန်း စတင်လုပ်ကိုင်စဉ်ကတည်းက သူ့စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းခွဲ တွေအများကြီးခွဲထားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ကုမ္ပဏီဖြစ်တဲ့ ထူးထရေးဒင်း ကုမ္ပဏီလီမိတက် နဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုပစ္စည်း တွေ၊ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေဆီကရတဲ့ ငွေတွေဟာ အခုဆိုရင် တော်တော်များနေပါပြီ။ ဒါတင်မကသေးပါဘူး။ ဆောက် လုပ်ရေးလုပ်ငန်းတွေ၊ ဆီအုန်းထုတ်လုပ်ရေး လုပ်ငန်းတွေ၊ လက်နက်ရောင်းဝယ်ရေး နဲ့ လေကြောင်းကုမ္ပဏီတွေ အထိပါဘဲ။

အခုဆိုရင် တေဇ ဟာ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေလုပ်ကိုင်ဖို့ လေလံဆွဲထားပါတယ်။ ထူး ထရေးဒင်း ကုမ္ပဏီဟာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှာဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅.၁ သန်းရရှိခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ ပဉ္စမ အကြီးဆုံး အိတ်စ်ပို့ကုမ္ပဏီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ ထူးကုမ္ပဏီ ဟာ ၂၀၀၆-၂၀၀၇ ခုနှစ်မှာ ထိပ်တန်း အင်ပို့-အိတ်စ်ပို့ ကုမ္ပဏီအခု ၂၀ အနက် နိုင်ငံခြားဝင်ငွေ ဒုတိယအများ ဆုံးလိုက်တဲ့ ကုမ္ပဏီအဖြစ် စာရင်းထဲမှာဖော်ပြထားပါတယ်။

ထူးကုမ္ပဏီဟာ နေပြည်တော်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဖို့ စစ်အစိုးရနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အဓိက ကုမ္ပဏီကြီး နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ ထူးကုမ္ပဏီရဲ့ နောက်ထပ် ဆောက်လုပ်ရေးစီမံကိန်းကတော့ အခန်း ၁၅၀ ရှိတဲ့ ပုဂံဟိုတယ်၊ ဘုရားကျောင်း၊ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်တဲ့ အဆောက်အဦးတွေ၊ စသည်တို့အနားမှာ တည် ဆောက်ထားတဲ့ မီတာ ၆၀ မြင့်တဲ့တာဝါ တည်ဆောက်ရေးပါပဲ။ အဲဒီတာဝါဟာ နိုင်ငံတကာအသိုင်းအ၀ိုင်နဲ့ ယူနက်စကိုရဲ့ အပြင်းအထန်ဝေဖန်မှုကိုခံရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတာဝါကြောင့် အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ လှပတဲ့ရှု့ မျှော်ခင်းအလှတွေ ပျက်ဆီးကုန်လို့ပါဘဲ။

ထူးကုမ္ပဏီရဲ့ သစ်လုပ်ငန်းဟာလည်း မြန်မာ့သစ်တောတွေကို အကြီးအကျယ်ထိခိုက်ပျက်စီးတယ်ဆိုပြီး ဝေဖန်မှုတွေကို ခံနေရပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ ရဲ့ ၂၀၀၂ ခုနှစ် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက ပတ်ဝန်း ကျင်သစ်တောတွေ ပျက်စီးပြုန်းတီးရခြင်းဟာ ထူးကုမ္ပဏီရဲ့ သစ်တောတွေ ခုတ်လှဲခြင်းနဲ့ အများကြီး ပက်သက်နေ တယ်လို့ ဖော်ပြထားပါတယ်။ ထို့အပြင် ထူးကုမ္ပဏီဟာ အခြားသစ်ထုပ်လုပ်ငန်း ငယ်လေးတွေကို လိုအပ်တဲ့ လုပ်ငန်းသုံး စက်ပစ္စည်း တွေကို ထောက်ပံ့ပေးပြီး၊ အဲဒီလုပ်ငန်းတွေဆီက ထွက်ရှိတဲ့ သစ်တွေကို ပြည်ပတင်ပို့ဖို့ ပြန်လည်ဝယ် ယူတယ် လို့သိရပါ တယ်။ ထူး ကုမ္ပဏီဟာ အစိုးရဆီက ကျွန်းသစ်အရိုင်း တုံးတွေကို ပြည်ပတင်ပို့ခွင့် လိုင်စင်ရ ရှိထားတဲ့ ကုမ္ပဏီတွေ ထဲက တစ်ခုဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက ထူး ထရေးဒင်း ကုမ္ပဏီဟာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကို ပါဝင်လုပ်ကိုင်လာတာပါ။ ကျွန်းသစ်လုပ်ငန်းလိုပါဘဲ၊ ထူးကုမ္ပဏီက အခြားကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းငယ်လေးတွေကို လုပ်ငန်းသုံးစက်ပစ္စည်းတွေ ထောက်ပံပေးပြီး အဲဒီလုပ်ငန်းတွေကထွက်ရှိတဲ့ ကျောက်စိမ်းတွေကို ပြန်လည်ရရှိပါတယ်။ ကချင်သတင်းဋ္ဌာနရဲ့ ပြောပြချက်အရ တေဇဟာ အဲဒီလိုနည်းတွေနဲ့ ကချင်ဒေသမှာရှိတဲ့သူတွေကို ကူညီပါတယ်လို့ ဘန်း ပြပြီး၊ အဲဒီဒေသမှာရှိတဲ့ မိသားစုတစ်စုလျှင် မြန်မာငွေ ကျပ် ၁၀ သိန်းလျော်ကြေးပေးပြီး သူတို့ရဲ့မြေနေရာမှာ ကျောက် စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။

မကြာသေးမီကမှ ထူး ကုမ္ပဏီဟာ လောင်စာဆီလုပ်ငန်းကို နအဖ ရဲ့ အကူအညီနဲ့ ပြည်ပတင်ပို့ခွင့် လိုင်စင်ကို ရရှိခဲ့ပါ တယ်။ အဲဒါကြောင့်၊ ၂၀၀၇ ခုနှစ် သြဂုတ်လမှာ စစ်အစိုးရရဲ့ လောင်စာဆီဖြန့်ဝေမှုလျော့ချခဲ့ခြင်းကြောင့် လောင်စာဆီဈေး နှုန်း တွေမြင့်တက်လာခဲ့တာပါ။ အကျိုးဆက်ကတော့ ပြည်တွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး စစ်အစိုးရက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းတဲ့အခြေအနေအထိ ဖြစ်သွားခဲ့ပါတယ်။

တေဇ ရဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကတော့ မြန်မာပြည်မှာပထမဦးဆုံး ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်တဲ့ အဲယား ပုဂံ လေကြောင်းလိုင်းပါဘဲ။ ယခုအချိန်မှာ မန္တလေး လေကြောင်းလိုင်း နဲ့ ရန်ကုန်လေကြောင်းလိုင်း တို့ပြီးရင် အဲယားပုဂံဟာ မြန်မာပြည်မှာ တတိယအကြီးဆုံး လေကြောင်းလိုင်းပါ။ အစဦးပိုင်းမှာ အဲယားပုဂံက ပြည်တွင်းခရီးစဉ်တွေကိုပဲ စတင်ပျံသန်း ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်းအဖြစ် တို့ချဲ့ခဲ့ပါတယ်။ ပထမဦးဆုံးအဖြစ် ၂၀၀၇ မေလမှာ ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို စတင်ပျံသန်းခဲ့ပါ တယ်။ ထို့နောက် ၂၀၀၇ စက်တင်ဘာလမှာ စင်္ကာပူကို စတင်ပျံ သန်းပါတယ်။ အဲဒီအချိန်ကတည်းက ပုဂံလေကြောင်းလိုင်းဟာ တရုတ်၊ ကမ္ဘောဒီးယား နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကို လမ်းကြောင်းချဲ့ထွင်ဖို့ အစီအစဉ် ထည့်သွင်းပြီးသားပါ။ ပြီးတော့ အိုဆာကာ နဲ့ ချန်နိုင်း တို့သို့ တိုးချဲ့ ပျံသန်းရန်လည်း ကြေငြာပြီးပါပြီ။

တေဇ ရဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများဟာ စင်္ကာပူမှာလည်း ရှိနေပါတယ်။ ထူး သစ်တောထွက် ပစ္စည်း ကုမ္ပဏီဟာ ပရိဘောဂ နဲ့ အခြားသစ်တောထွက်ပစ္စည်းတွေ ရောင်းပါတယ်။ ပါဗို ထရေးဒင်း ကုမ္ပဏီကတော့ ကျွန်းသစ်ဖြတ်စတွေ နဲ့ အထပ်သားနဲ့လုပ်တဲ့ ပစ္စည်းတွေကို လက္ကားဖြန့်ချီ ပါတယ်။ ပြီးတော့ တေဇ ရဲ့ စင်္ကာပူမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ပင်လယ်စာ (Seafood) လုပ်ငန်းလည်း ပါဝင်ပါသေးတယ်။ အဲဒီ လုပ်ငန်းရဲ့ နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ သန်းကနေ သန်း ၅၀ အထိရှိပါတယ်။ အခုအချိန်မှာ တရုတ်နိုင်ငံ Seafood ဈေးကွက်အတွက် တေဇဟာ ဖြန့်ဖြူးသူ တွေကို ရှာဖွေနေပါတယ်။

မြန်မာပြည်တွင်းမှာဆိုရင် တေဇ ရဲ့ ကုမ္ပဏီတွေက လုပ်တဲ့ အခြားစီးပွားရေးလုပ်ငန်းတွေထဲမှာ ထူး ပို့ဆောင်ဆက်သွယ် ရေးလုပ်ငန်း (အဲဒီလုပ်ငန်းဟာ ပြည်တွင်းအကြီးစား ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးတွေ ပါဝင်ပါတယ်) နဲ့ ရန်ကုန်မှာရှိတဲ့ အဆင့်မြင့် “မြန်မာရှောပင်းစင်တာ” တို့ ပါဝင်ပါတယ်။ အဲဒီရှောပင်းစင်တာဟာ စစ်တပ် အသိုင်းအ၀ိုင်းက ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ ဗိုလ်ကတော်တွေအကြိုက် နိုင်ငံတကာက လာတဲ့ပစ္စည်းအစုံအလင်ကို ရောင်းချ ပေးနေတဲ့ဆိုင်ဖြစ်ပါတယ်။ တေဇ ဟာ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် နဲ့ ပေါင်းပြီး “Le Moliere” ခေါ် ပြင်သစ် စားသောက် ဆိုင်ကို ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ ဖွင့်ခဲ့ပါတယ်။

Read More...

အမေရိကန် ရဲ့ပစ်မှတ်ထဲက မြန်မာ့စီးပွားရေး ၀ိသမလောဘသားများ


ကျော်သိင်္ခ
စက်တင်ဘာ ၁၂

(၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကိုမိုးသီးဘလော့ဂ်အတွက် ကျနော် ရေးခဲ့သော ဆောင်းပါးကို ပြန်လည်တင်ပြ ခြင်းဖြစ်ပါသည်။ )

အမေရိကန်နိုင်ငံ နိုင်ငံခြားပိုင်ဆိုင်မှု ကြီးကြပ်ရေးရုံးက ဒီလအစောပိုင်းက ကြေငြာရာမှာ ၎င်းဋ္ဌာနအနေနှင့် ပြီးခဲ့တဲ့ နှစ်က နအဖ အသိုင်းအ၀ိုင်းမှာ ရှိတဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပိုင်ဆိုင်မှုတွေအပေါ် ပိတ်ဆို့ အရေးအရေးယူမှုကို တိုးမြှင့်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။ မနှစ်က စီးပွားရေးပိတ်ဆို့မှုစာရင်း (blacklist) ထဲမှာပါတဲ့ သူတွေကတော့ တေဇရဲ့စီးပွားရေး လုပ်ငန်းတွေနဲ့ ပက်သက်တဲ့ အခြားစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နာမည်တွေပဲဖြစ်ပါ တယ်။


မကြာသေးမီကမှ ပြုလုပ်လိုက်တဲ့ နအဖ ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ နဲ့ ပက်သက်လို့ ကနေ့ ၀ါရှင်တန်မှာ “ဒါဟာ စစ်အာဏာရှင်ကို စမတ်ကျကျ ပိတ်ဆို့ အရေး ယူခြင်း” လို့ ပြောဆိုနေကြပါ တယ်။ အဲဒီလို စီပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာနိုင်ငံ လူဦးရေ တစ်ခုလုံးကို ထိခိုက်နစ်နာစေမယ့် အရေး ယူမှုမျိုး မဟုတ်ဘဲ၊ စစ်ဗိုလ်ချုပ်တွေ နဲ့သူတို့နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီးစီစဉ်တာပါ။ ဒီလ ကြေငြာချက်မထွက်ခင် အမေရိကန်အစိုးရက မြန်မာစီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ နဲ့ စစ်အစိုးရနဲ့ပက်သက်တဲ့ စီးပွားရေး လုပ်ငန်း ၇ ခုတို့ကို ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ။


အဓိက ကတော့ ပြီးခဲ့တဲ့နှစ် အတွင်းက စစ်အစိုးရက ၎င်းတို့အား လမ်းပေါ်ထွက် ဆန့်ကျင်၊ ဆန္ဒပြသူတွေကို ရက်ရက်စက် စက် နှိမ်နှင်းခဲ့တဲ့ လုပ်ရပ်တွေအပါအ၀င်၊ ဗမာနိုင်ငံတွင်းမှာ နိုင်ငံရေးအရ ဖိနှိပ် ချုပ်ချယ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ဆက်လက်ပြုလုပ်နေတဲ့ နအဖ စစ်အစိုးရကို တုံ့ပြန်တဲ့အနေနဲ့ အခု လိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်တာ ဖြစ်ပါတယ်။ အဲဒီပိတ်ဆို့ မှုတွေထဲမှာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ဆိုင်ရာအဖွဲ့အစည်းတွေမှာ ငွေကြေး၊ ဥစ္စာ၊ ပစ္စည်း အပ်နှံ သိမ်းဆည်း ထားတဲ့ နအဖ နဲ့ ပက်သက်နေသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်း ထားခြင်းဘဲ ဖြစ်ပါတယ်။ ဒါ့ အပြင် ပိတ်ဆို့မှုစာရင်း (blacklist) ထဲမှာပါတဲ့ အမေရိကန် နိုင်ငံသားတွေ နဲ့ မြန်မာစီးပွားရေး လုပ်ငန်းတွေ အကြား ဘဏ္ဍာရေးအရရော၊ ကူးသန်းရောင်းဝယ်ရေး အ၀င်အထွက် စာရင်း တွေကို လည်း စာရင်းအ၀င် အထွက်မရှိအောင် တားဆီးပိတ်ပင်ထားပါတယ်။ အဲဒီလူတွေရဲ့နာမည်တွေကိုလည်း အမေရိကားသို့ ၀င်ရောက်သွားလာခွင့် ပိတ်ပင်ထားပါတယ်။

နောက်ဆုံးပိတ်ဆို့ အရေးယူမှုကတော့ တေဇရဲ့ “ထူး ကုမ္ပဏီ” (ထူး ကုမ္ပဏီများအုပ်စု လို့လည်းခေါ်ပါတယ်) ကိုပစ်မှတ် ထားပြီး အရေးယူတာပါ။ အမေရိကန်နိုင်ငံ နိုင်ငံခြားသားပိုင်ဆိုင်မှု ကြီးကြပ်ရေးရုံး (OFAC) က တေဇ ကို “စစ်လက်နက် ရောင်းဝယ်သူ၊ ရက်စက်တဲ့ မြန်မာစစ်အစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ လက်မရွံ့ နောက်လိုက် ဘက်တော်သား” လို့ ဖော်ပြခဲ့ပါ တယ်။ အိမ်ဖြူတော်ရဲ့စာနယ်ဇင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူးဒါနာပါရီက ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောဆိုရာမှာ “လွတ်လပ်မှုကို တန်ဖိုးထားတဲ့ သူအားလုံးက အာဏာရှင် စစ်ခေါင်းဆောင် သန်းရွှေ နဲ့ သူ့ရဲ့ အပေါင်းအပါ တွေရဲ့ လုပ်ရပ်ကို ခွင့်မလွှတ်နိုင်ပါဘူး၊ လက်ခံလို့လည်းမရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။


တေဇ နဲ့ သူ့ မိန်းမ သီတာဇော်၊ သားအကြီးကောင် ပြည့်ဖြိုးဇ နဲ့ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၅ ခုကို အောက်တို ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်မှာ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုစာရင်းတွေထဲမှာ အမည်နှင့်တကွ ဖော်ပြ ထားပါတယ်။ ယခု အသစ် ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာပါတဲ့သူတွေရဲ့ နာမည်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁။ အောင်သက်မန်း (တေဇရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်)
၂။ သီဟ (တေဇ နဲ့ ညီအစ်ကိုတော်စပ်သူ)
၃။ ဦးကျော်သိန်း
၎။ ထူး ကုမ္ပဏီများအုပ်စု
(ထူး ကုမ္ပဏီများအုပ်စုထဲမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကတော့ - ဧရာရွှေဝါ ကုမ္ပဏီ၊ မြန်မာအင်းဝ ကုမ္ပဏီ လီမီတက် နဲ့ ပါဗို စင်းလုံးငှား လေယာဉ် ကုမ္ပဏီလီမိတက်တို့ ဘဲဖြစ်ပါတယ်။)

မြန်မာလက်နက်ကိုင် အင်အားစုတွေ နဲ့ အဓိကဆက်သွယ်လုပ်ကိုင်နေသူ ဗိုလ်ချုပ် သူရရွှေမန်း ရဲ့ သား အောင်သက်မန်း ဟာ လည်း ဧရာ ရွှေဝါကုမ္ပဏီ နဲ့ ထူး ထရေးဒင်း ကုမ္ပဏီတို့ရဲ့ ဒါရိုက်တာတစ်ဦးပါ။ တေဇ နဲ့ ညီအစ်ကိုလည်းဖြစ်၊ စီးပွားရေး လုပ်ဖော် ကိုင်ဖက်လည်းဖြစ်သူ သီဟကလည်း ထူးကုမ္ပဏီများအုပ်စု နဲ့ ထူး ထရေးဒင်း ကုမ္ပဏီ တို့မှာ ဒါရိုက်တာ တစ်ဦး ဖြစ်ပါတယ်။ဦးကျော်သိန်းဟာ စင်္ကာပူမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး အဲဒီမှာရှိတဲ့ တေဇရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံ ကွပ်ကဲနေသူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ယခုအချိန်မှာ အဲယား ပုဂံ လေကြောင်းကုမ္ပဏီ လီမိတက်၊ ထူး သစ်တော ထွက် ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ ပါဗို စင်းလုံငှား လေယာဉ် ကုမ္ပဏီ လီမိတက် နှင့် ပါဗို ထရေးဒင်းကုမ္ပဏီ လီမိတက်တို့မှာ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။


ဒါတင်မကသေးပါဘူး။ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု နာမည်ပျက်စာရင်းတွေထဲမှာ အောက်ပါ ပုဂ္ဂိုလ်များရဲ့ အမည်များလည်း ပါဝင်ပါသေးတယ်။
၁။ ခင်လေးသက် (ဗိုလ်ချုပ် သူရရွှေမန်း ၏ ဇနီး)
၂။ မြင့်မြင့်ကို (ဆောက်လုပ်ရေးဝန်ကြီး မွန်စောထွန်း ၏ ဇနီး)
၃။ တင်လင်းမြင့် (စစ်ဘက်ဆိုင်ရာ လုံခြုံရေးချုပ် ဗိုလ်ချုပ်ရဲမြင့် ၏ ဇနီး)
၎။ မြင့်မြင့်စိုး (နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီး ဥာဏ်ဝင်း ၏ ဇနီး)

တေဇ နဲ့ သူ့ရဲ့ စီးပွားရေးအင်ပါယာကို အမေရိကန်က မျက်စိစပါးမွှေးစူးနေတာ ကြာပါပြီ။ အကြောင်းကတော့ ၎င်းရဲ့သုံးမ ကုန်၊ ဖြုန်းမကုန်တဲ့ ဥစ္စာဓနတွေကြောင့်ရယ်၊ မြန်မာစစ်ခေါင်းဆောင် သန်းရွှေ၊ ရွှေမန်း နဲ့ အခြားစစ်တပ်အသိုင်း အ၀ိုင်းက ထိပ်ပိုင်း အရာရှိတွေရဲ့ အရှိန်အ၀ှာအောက်မှာ ရှိနေတာတွေရယ်ကြောင့်ပါ။ ၁၉၆၄ မှာမွေးပြီး၊ အသက် ၄၃ နှစ်ရှိတဲ့ တေဇ ဟာ မူလကတည်းက စစ်အစိုးရနဲ့ အသက်မွေးဝမ်း ကြောင်းပြုဖို့ ရည်ရွယ်ပြီး၊ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း (DSA) ကို တက်ခဲ့ပါတယ်။


၁၉၈၇ ခုနှစ်မှာ သူ့ရဲ့ ရည်းစား သီတာဇော်နဲ့ ခိုးရာလိုက်ပြီး ကျောင်းထွက်ခဲ့တယ်။ တဆက်တည်းမှာဘဲ သီတာဇော်ရဲ့ မိဘများပိုင်ဆိုင်တဲ့ ဆန်စက်လုပ်ငန်းမှာ စတင်ပြီ လုပ်ကိုင်ခဲ့တယ်။ ၁၉၉၀ မှာ ပထမဆုံး မတည်ရင်နှီးငွေ အမေရိကန် ဒေါ်လာ ၃၃၃ ၃၃၃ (သုံးသိန်း၊ သုံးသောင်း၊ သုံးထောင်၊ သုံးရာ၊ သုံးဆယ့်သုံး) နဲ့ ကိုယ်ပိုင် ကျွန်းသစ် အိပ်စ်ပို့ ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ၊ အစိုးရအရာရှိတွေနဲ့ သူ DSA ကျောင်းတက်တုန်းက တွေ့ခဲ့တဲ့ ဗိုလ်တွေရဲ့ အဆက်အသွယ်လုပ်ပြီး သစ်မာတောတွေကို ထုတ်ယူ ရောင်းချခွင့်ရခဲ့တယ်။ တေဇ သစ်ထုတ်ယူခွင့်ရရှိတဲ့ သစ်တော တွေကတော့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်း အတွင်းက တစ်ချိန်က KNU တွေလက်အောက် မှာရှိခဲ့တဲ့ သစ်တောတွေပါဘဲ။


အတိုက်အခံ အုပ်စုတွေရဲ့ပြောပြချက်အရ တေဇဟာ သူ့ရဲ့ ဥစ္စာဓန အများစုကို စင်္ကာပူမှာ ရှိတဲ့ဘဏ်တွေမှာ စာရင်းဖွင့် ထားတယ်လို့ သိရတယ်။ သူဟာ သူ့သား ပြည့်ဖြိုးဇ နဲ့ ထက်တေဇတို့ ကျောင်းတက်နေတဲ့နေရာတွေမှာ ဇိမ်ခံပစ္စည်းတွေ အပြည့်ပါတဲ့ အိမ်ခန်းတွေ၊ တိုက်ခန်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူ့သားနှစ်ယောက်စလုံးဟာ ပုဂ္ဂလိက လက်ရွေးစင် ကျောင်းတွေမှာ ကျောင်းတက်နေပါတယ်။ ထက်တေဇ ဆိုရင် စင်္ကပူက ဈေးအကြီးဆုံး ကျောင်းတွေထဲက တစ်ကျောင်း ဖြစ်တဲ့ United World College of South East Asia မှာ ကျောင်းတက် နေပါတယ်။


၁၉ နှစ်သားသာ ရှိသေးတဲ့ ထက်တေဇဟာ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ ရက်ရက် စက်စက် အကြမ်းဖက် နှိမ်နှင်းတဲ့အကြောင်းတွေနဲ့ ပက်သက်တဲ့ သတင်းတွေကို အီးမေးလ်တွေကတဆင့် ဖတ်ရတယ်။ ပြီးတော့ အာရှတိုင်းမ်း အွန်လိုင်းသတင်းကြေငြာချက်တွေကို ကြည့်ပြီး “အမေရိကန်က ငါတို့ကို ပိတ်ဆို့ အရေးယူတယ်၊ ငါတို့ ဟာငါတို့ စင်္ကာပူမှာ အေးအေးဆေးဆေးနေနေတာ၊ မြန်မာ တစ်နိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်မှုတွေ ကို ငါတို့ဘဲလုပ်ပေး နေတာ၊ ငါတို့မှာ စင်္ကာပူ၊ တရုတ်၊ အိန္ဒိယ နဲ့ ရုရှ တို့လိုနိုင်ငံတွေကို ကျွန်းသစ်၊ ကျောက်မျက် နဲ့ ဂက်စ်တွေ ရောင်းဖို့လည်း ရှိနေတာ” လို့ သူကပြောခဲ့ပါသေးတယ်။


တေဇရဲ့ သားအကြီးကောင် ကတော့ အနောက်တိုင်းသူ ခပ်ဟော့ဟော့ အသစ်စက်စက်မိန်းကလေးတွေနဲ့ မိုးမမြင်၊ လေမမြင် ပျော်ပါး နေတဲ့ အချိန်မှာ အငယ်ကောင်က ဖာရယ်ရီ ကားတစ်စင်းနဲ့ ငြိမ့်နေပြီး ပျော်ပါးနေတယ် လို့ Blog တွေ နဲ့ အီးမေးလ် တွေထဲကိုဝင်လာတဲ့ စာတွေအရရော၊ ပြည်ပ မီဒီယာတွေ ဆီကပါ သိရပါတယ်။ တေဇကတော့ ရန်ကုန်မြို့ အင်း ယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဒေါင့်မှာရှိတဲ့ ခေတ်ဆန်ဆန်၊ ရှိုးကျကျ အိမ်ကြီးမှာ ဇိမ်ခံနေတယ်။ အိမ်ခြံဝန်းထဲ မှာတော့ သူကိုယ်ပိုင် Bentley, Ferrari, Mercedes နဲ့ Lexus အမျိုးအစားကား တွေရှိပါတယ်။ အဲဒီကားတွေ ကို စင်္ကာပူက နေတဆင့် သင်္ဘောနဲ့ သယ်ယူခဲ့တာဖြစ်ပါတယ်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။

Read More...

ကမ္ဘာတည်မယ့် အလင်းတန်းတစ်ခု

ဟိုတစ်လောက ချင်းမိုင်မှာ Special Feature ရေးနည်းသင်တန်း သွားတက်ပြီး ပြန်လာတော့ ဒီ အကြောင်း လေးကို Special Feature ရေးဟန်လေး နဲ့ ရေးထားတာမို့လို့ လိုအပ်တာရှိလည်းလည်း ၀ိုင်းဝန်းအကြံပေးကြပါ။ ဒါကတော့ ကျနော် ရေးတဲ့ ပထမဦးဆုံး အထူး သတင်းဆောင်းပါးလေး တစ်ပုဒ်ပါ။ လိုအပ်တဲ့ စာသားလေးတွေကို photoshop နဲ့ ကူညီပြီး လုပ်ပေးတဲ့ ကိုဟန်သစ်ငြိမ် (ခ) ကိုသီဟန်ကို ကျေးဇူးတင်ပါ သည်။

Sayama Daw Hla Sein

Read More...

မလေးရှားမှာ တရက်အတွင်း လူ ၅၇၀ နီးပါး A (H1N1) ကူးစက်ခံရ

ကျော်သိင်္ခ
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 18 နာရီ 45 မိနစ်

ဖန်င (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်သည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲ၌ပင် လူတုပ်ကွေး ကပ်ရောဂါ A (H1N1) ကူးစက်ခံရသူ ၅၆၉ ဦး ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

A (H1N1) ကူးစက်ခံရသူပေါင်း ၄၂၂၅ ဦးအနက် သေဆုံးသူ ၆၂ ဦး ရှိခဲ့သဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရောက်ရှိနေသည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲအတွင်း လူပေါင်း ၅၇၀ နီးပါး ထပ်မံ၍ ထိုကဲ့သို့ ကူးစက်ခံလိုက်ရခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှုကို တားဆီးနိုင်ရန် ကြိုးပမ်းနေရကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီး Datuk Seri Liow Tiong Lai က ကွာလာလမ်ပူမှာ ယမန်နေ့က ပြုလုပ်သည့် H1N1 ကာကွယ်တားဆီးရေး ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

“အခုလို အခြေအနေအရ H1N1 ကူးစက်မှုနှုန်းက ယနေ့အထိ မြင့်တက်နေဆဲပဲလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ H1N1 စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ပြည်တွင်းထဲက ရောဂါပြန့်ပွားမှုရှိတဲ့နေရာတွေကို စေလွှတ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးဖို့ ကြိုးစားနေပါတယ်” ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း ၁၃ ခုထဲမှ တခုဖြစ်သည့် ကေအယ်အိုင်အေ စခန်း၌လည်း ယခုလ ၄ ရက်နေ့က ၃၅ နှစ်အရွယ်ရှိ တွန်ဂိုနိုင်ငံသားတဦး သေဆုံးခဲ့သည်။

မလေး လူဝင်မှုကြီးကြပ်ရေးဌာနက ကေအယ်အိုင်အေ၌ A (H1N1) ကူးစက်ခံရသူ ၉ ဦး ရှိသွားပြီဖြစ်ကြောင်း သြဂုတ်လ ၈ ရက်နေ့က ကြေညာခဲ့သေးသည်။

ကေအယ်အိုင်အေမှ မြန်မာအကျဉ်းသား ကိုဇော်စိုးက “ဟုတ်ကဲ့၊ ဒီထောင်ထဲမှာ H1N1 ကူးစက်ခံရတဲ့ လူကတော့ ၉ ယောက် ရှိသွားပါပြီ။ ၉ ယောက်မှာ မြန်မာ ၄ ယောက်ပေါ့။ အဲဒီလူတွေကိုတော့ ဘယ်အဆောင်မှာ ထားလဲတော့ မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ ထိုအကျဉ်းစခန်းမှ အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မလေးရှားအခြေစိုက် အင်ဂျီအို အဖွဲ့တခုဖြစ်သော ACTS က သွားရောက်ပြီး ကျန်းမာရေး ဆေးစစ်စောင့်ရှာက်မှုများ ပြုလုပ်နေသည်။

မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား၏ A (H1N1) ကာကွယ် တားဆီးရေးနှင့် ပတ်သက်၍ ကွာလာလမ်ပူရှိ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR ၏ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းမှ ကျန်းမာရေးလုပ်သား ကိုသန်းမင်းလွင်က မြန်မာအပါအဝင် နိုင်ငံခြားသား ဒုက္ခသည်များနှင့် အထိန်းသိမ်းခံ အကျဉ်းသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အခက်အခဲရှိကြောင်း ပြောသည်။

သူက “ဌာနေနိုင်ငံသားတွေအနေနဲ့ကတော့ သူတို့ အစိုးရတွေဆီက ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိမယ်။ အခက်အခဲတွေ့မယ့် လူတွေကတော့ ဒီ ဒုက္ခသည်တွေနဲ့ နိုင်ငံခြားသားတွေပေါ့။ အဲဒီအတွက် UNHCR ကလည်း တိုင်းရင်းသား အဖွဲ့အစည်းတွေက ကျန်းမာရေး လုပ်သားတွေကို ရက်တို ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေပေးပြီး၊ ကိုယ်နဲ့နီးစပ်ရာ လူထုထဲမှာ ပညာပေးလုပ်ငန်းတွေ လုပ်စေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း ၁၃ ခုတွင် A (H1N1) ကူးစက်ခံနေရသူပေါင်း မည်ရွေ့မည်မျှ ရှိနေကြောင်း မလေးအစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

Type the rest of your post here.

Read More...

ဖူးခက်တွင် မြန်မာလုပ်သား ၁၀၀ နီးပါး အဖမ်းခံရ

ကျော်သိင်္ခ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 19 ရက် 2009 ခုနှစ် 14 နာရီ 04 မိနစ်


ဖူးခက် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့နယ် ဘန်သချက်ချိုင်ရွာရှိ ဆောက်လုပ်ရေးလုပ်သား မြန်မာ ၉၅ ဦးအား ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းရဲက ဖမ်းဆီးခဲ့သည်။

အင်္ဂါနေ့ နံနက် ၇ နာရီခန့်တွင် ဆောက်လုပ်ရေး ဝင်းအတွင်းရှိ ပန်းရံလုပ်ငန်းခွင် တခုသို့ ထိုင်းရဲများက ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျနော်တို့က ဈေးဆိုင်မှာ အကြွေးဝယ်စားနေရတာ။ သူဌေးက လုပ်ခတွေထဲကနေ နေစရိတ်တွေ၊ မီးခ၊ ရေခတွေ အဆမတန်ဖြတ်တော့ ကျနော်တို့မှာ အကြွေးဆပ်ဖို့ ပိုက်ဆံက မလောက်တော့ဘူး။ အဲဒါနဲ့ ကျနော်တို့ ၄ ရက် အလုပ်မဆင်းဘဲ ဆန္ဒပြတာ။ အဲဒါ သူဌေးက ရဲကို တိုင်လို့ ရဲက ကျနော်တို့ကို ဖမ်းသွားတာ” ဟု ၂၆ နှစ်အရွယ် ကိုခင်မောင်ထွန်းက မဇ္ဈိမကို ပြောပြသည်။

အဖမ်းဆီးခံရသူ အလုပ်သမားအများစုသည် ပြီးခဲ့တဲ့လအတွင်းက ထိုင်းအစိုးရက ထုတ်ပေးထားသည့် တရားဝင် အလုပ်သမားများ မှတ်ပုံတင် ကိုင်ဆောင်ထားသူများဖြစ်ပြီး၊ အချို့မှာ ယာယီ သန်းခေါင်စာရင်းသာ ရှိသူများဖြစ်သည်။

ယခုအခါ မှတ်ပုံတင်ရှိသူများကို ရဲက ပြန်လွှတ်ပေးခဲ့ပြီး၊ သန်းခေါင်စာရင်းသား ရှိသည့် အလုပ်သမား ၁၉ ဦးကိုမူ ဆက်လက် ထိန်းသိမ်းထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ အခြေခံလူထု လူ့အခွင့်အရေးနှင့် ပညာပေးဌာန (GHRE) မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ပြောသည်။

သူက “အခုတော့ ရဲက အလုပ်သမားကဒ် ရှိတဲ့လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အလုပ်သမား သန်းခေါင်စာရင်း စာရွက်ရှိတဲ့လူ ၁၉ ယောက်ကိုတော့ ဖမ်းထားသေးတယ်။ ကျနော်တို့ ရဲစခန်းမှာ ကျန်တဲ့လူတွေ လွှတ်ပေးဖို့ကိစ္စကို ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အဖြေတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ပြောသည်။

ဖူးခက်မြို့နယ် ဘန်သချက်ချိုင်ရွာ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက “သူတို့မှာ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ တရားဝင် စာရွက်စာတမ်းတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း တာဝန်အရ ဆောင်ရွက်ရတာပါ။ အဲဒီကိစ္စက သူတို့ကို ဒီညနေမှာ လူဝင်မှုကြီးကြပ်ရေး လက်ထဲကို လွှဲပြီးတဲ့ နောက်ပိုင်းကျမှ ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာနက ဆုံးဖြတ်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံသို့ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ လာရောက် အလုပ်လုပ်သော ရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင် အလုပ်သမား မှတ်ပုံတင်ရေးကို ၂၀၀၉ ခု ဇူလိုင်လ၌ ထိုင်းအစိုးရက စတင် လုပ်ဆောင်ပေးခဲ့သည်။

ပထမ အဆင့်အဖြစ် အလုပ်သမားမှတ်ပုံတင်၊ သန်းခေါင်စာရင်း မှတ်ပုံတင် စာရွက်များကို ရွှေ့ပြောင်း လုပ်သားများအား ထုတ်ပေးခဲ့သည်။

ယခုလို မြန်မာအလုပ်သမားများ ဖမ်းဆီးခံရခြင်းသည် အဆိုပါ အလုပ်သမား သန်းခေါင်စာရင်း ထုတ်ပေးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ယခုလို ဖမ်းဆီးခံရခြင်းဖြစ်သည်။


Type the rest of your post here.

Read More...

မလေး ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

ကျော်သိင်္ခ
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 12 နာရီ 43 မိနစ်

ကွာလာလမ်ပူ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ စီပန်းရှိ ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာအကျဉ်းသား ဦးရေ ၇၀၀ အနက် ၃၀ နီးပါးသည် ထိုစခန်းမှ ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

“ညနေ ၆ နာရီလောက် ထမင်းကျွေးတဲ့အချိန်မှာ တံခါးဖွင့်တော့ ထွက်ပြေးကြတာ။ ထွက်ပြေးတာ ၂၈ ယောက် ထွက်ပြေးသွားတာ ၆ ယောက် ပြန်မိတယ်။ ပြေးသွာတာက အဆောင် B-3 ကနေ ပြေးသွားတာ” ဟု ကေအယ်အိုင်အေ စခန်း၌ ထိန်းသိမ်းခံနေရသည့် ၄၁ နှစ်အရွယ် ကိုဇော်စိုးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့တဲ့လက စမုံညင်း အကျဉ်းစခန်းတွင် ဆူပူမှုဖြစ်ပွားရာ၌ ပါဝင်ခဲ့သော မြန်မာအကျဉ်းသား ၇၀၀ အား ဇူလိုင်လ ၂၄ ရက်နေ့တွင် စမုံညင်းစခန်းမှ စီပန်းရှိ ကေအယ်အိုင်အေ စခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် ပူးပေါင်းကာ အကျဉ်းသား ၇၀၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေစဉ် ယခုလို ထောင်ဖောက် ထွက်ပြေးသည့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။

အန်အယ်ဒီ - လွတ်မြောက်နယ်မြေ (မလေးရှား) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုကျော်ကျော်မိုးက “မြန်မာပြည်ပြန်ရရင် သူတို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို တွေးပြီးတော့ အခုလို ဖြစ်သွားတယ်လို့ပဲ ကျနော် ယူဆတယ်။ ဒီနိုင်ငံထဲမှာ သူတို့ အခုလို ထွက်ပြေးတယ် ဆိုတာကလည်း အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်။ ပြေးတယ် ဆိုတာကလည်း သူတို့ အတော်လေးကို အရဲစွန့်ပြီး ပြေးကြရတာလေ။ ဘာပဲဖြစ်ဖြစ်တော့ အခုလို ဖြစ်သွားတယ်ဆိုတော့ အကျဉ်းစခန်းထဲမှာ ကျန်ရှိနေတဲ့ သူတွေအတွက် အခက်အခဲ တော်တော်ကို ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

စခန်းထဲရှိ မြန်မာအကျဉ်းသား ၇၀၀ သည် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ မရသည့်အပြင်၊ ပုံမှန် စားသောက်ရေးအတွက်ပါ ခက်ခဲနေကြသည်။ထိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရသူများအနက် ၉ ဦးသည့် A (H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံနေရပြီး၊ ၄ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အကျဉ်းစခန်းထဲတွင် ထိန်းသိမ်းခံနေရသူ အမည်မဖော်လိုသူ မြန်မာအကျဉ်းသား တဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ကလည်း အဆိုပါအကျဉ်းစခန်းမှ ၃၅ နှစ်အရွယ် တိုဂိုနိုင်ငံသား Malou-Ouro Dramane ဆိုသူသည် A (H1N1) ရောဂါနှင့် သေဆုံးခဲ့ကြောင်း မလေး လူဝင်မှုကြီးကြပ်ရေး အရာရှိများက သြဂုတ်လ ၆ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။
Type the rest of your post here.

Read More...

လူကုန်ကူးသူ မလေးနိုင်ငံသားသုံးဦး မြန်မာ ၁၂ ဦး နှင့်အတူ ဖမ်းမိ

ကျော်သိင်္ခ
သြဂုတ် ၁၀ ရက်

မလေးရှားနိုင်ငံ ကလန်တန်းနယ်မြေ လူဝင်မှုကြီးကြပ်ရေးအရာရှိများက မနေ့က ည ၇ နာရီအချိန်မှာ ကလေးသုံးယောက်အ ပါအ၀င် မြန်မာနိုင်ငံသား ၁၂ ယောက်အား မလေးနိုင်ငံထဲသို့ ခိုးသွင်းလာသော မလေးရှားနိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ မလေးနိုင်ငံရှိ ယနေ့ထုတ် ဘနားမားသတင်းစာတွင် ဖော်ပြပါရှိပါတယ်။ အဆိုပါသတင်းအရ မလေးနိုင်ငံသား သုံးဦးဟာ မြန်မာကလေးငယ်တွေကို ကွာလာလမ်ပူမြို့တွင် တောင်းစားခိုင်းရန် ရည်ရွယ်ပြီး အခုလို မလေးရှားနိုင်ငံထဲသို့ ခေါ်လာတာဖြစ်တယ်လို့လည်း ဘနားမားသတင်းမှာ ဖော်ပြထားပါတယ်။

ကလန်တန်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ နော်ရာဇီလာဝတီ မက်စ်တာဖာက “အသက် ၁၇ နှစ် နှင့် ၂၅ နှစ် အရွယ်ရှိတဲ့ မလေးလူမျိုး ညီအစ်ကို နှစ်ယောက်အပါအ၀င် အမျိုးသမီးတစ်ဦးတို့ကို မနေ့က ည ၇ နာရီအချိန်လောက်မှာ ပါဆာ မက်စ် ဧရိယာရှိ ကူဘန်းပါဂျန်း အရပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့နှင့်အတူ မြန်မာနိုင်ငံသား ၁၂ ဦးကိုလည်း အဲဒီနေရာမှာရှိတဲ့ အိမ်တစ်လုံးထဲမှာ ဖမ်းမိခဲ့တာပါ” လို့ ပြောပါတယ်။

"ကျနော်တို့နေနဲ့ အခုလို လူကုန်ကူးမှုမှာ ပါဝင်ပက်သက်နေတယ်လို့ သံသယရှိရတဲ့ နောက်ထပ်နှစ်ယောက်ကိုလည်း ရှာဖွေနေပါတယ်။ အဲဒီနှစ်ယောက်ကတော့ အထက်ကပြောခဲ့တဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ မိဘတွေဖြစ်နိုင်တယ်။ အဲဒီ နှစ်ယောက်ကိုပါ မိမှ ကျနော်တို့ နောက်ထပ် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်လို့ရမှာပါ” လို့လည်း နော်ရာဇီလာဝတီ က သတင်းထောက်တွေကို တနင်္လာနေ့က ပြောခဲ့တာဖြစ်ပါတယ်။

နော်ရာဇီလာဝတီ ရဲ့ပြောပြချက်အရ အသက် ၂ နှစ်ကနေ ၃၉ နှစ်ရှိတဲ့ အဆိုပါ ဖမ်းဆီးခံရတဲ့ မြန်မာလူမျိုး ၁၂ ဦးသည် အမျိုးသား ၇ ဦး၊ အမျိုးသမီး နှစ်ဦးနဲ့ ကလေးငယ် (မိန်ကလေး) သုံးဦးတို့ဖြစ်ကြပြီး၊ ယခုအခါ ၄င်းတို့အား ယာယီစောင့် ရှောက်ထားကြောင်း သိရပါတယ်။

အခုလို လူကုန်ကူးမှုကို ကျူးလွန်တဲ့ သူတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကာလက လူကုန်ကူးမှုမှာ ပါဝင်ပက်သက်ခဲ့တဲ့ မိသားစုတစ်စုထဲက မိသားစုဝင်တွေဖြစ်တယ်လို့ သံသယရှိရကြောင်းကိုလည်း နော်ရာဇီလာဝတီက ပြောပါတယ်။
Type the rest of your post here.

Read More...